တပ်ကုန်းမြို့နယ်အတွင်း မိုးစပါးများကို (၄၀၃၇၇) ဧက စိုက်ပျိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ်အတွင်း မိုးစပါးများကို (၄၀၃၇၇) ဧက စိုက်ပျိုးပြီးဖြစ်


MNP ၊  စက်တင်ဘာ  ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါး ပိုလျှံရေး မိုးစပါး (၄၆၄၄၅) ဧက လျာထားစိုက်ပျိုးလျက်ရှိရာ မိုးစပါးများကို (၄၀၃၇၇) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရန် ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။


တပ်ကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ဆည်၊ ကန်၊ တာတမံအလိုက် မိုးစပါးလျာထားအနေဖြင့် ဆင်သေဆည်တမံမှ ဧက (၁၀၂၈၉)၊ မုန်ရေထိန်းတမံမှ ဧက (၄၂၀၀)၊ ကင်းသာရေလှောင်တမံမှ ဧက (၅၀၄)၊ ပွဲစားရေလွှဲဆည်မှ ဧက (၁၈၇၀)၊ ညောင်ကိုင်းရေလွှဲဆည်မှ ဧက (၆၂၀)၊ ပုဂ္ဂလိကကန်များမှ ဧက (၁၁၈၄၅)၊ အခြားနည်းမှ ဧက (၁၃၅၈) နှင့် မိုးကောင်းသောက်မှ ဧက (၁၅၇၅၉)၊ စုစုပေါင်းဧက (၄၆၄၄၅) လျာထားစိုက်ပျိုး လျက်ရှိကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)