မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေး



MNP ၊ စက်တင်ဘာ ၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ကို ယမန်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်ချောမွေ့၍ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝ ပိုမိုကောင်းမွန်လာစေရေးတို့အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အင်ဂျင်နီယာ ပညာတော်သင်များစေလွှတ်၍ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment