မြန်အောင်မြို့ ကုန်မျိုးစုံရောင်းချသော ဆိုင်တစ်ဆိုင်မှ ရည်ညွှန်းစျေးဖြင့် ရရှိသော စားအုန်းဆီ တစ်ပေပါအား လူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သား ၂၃၀၀ ကျပ်ဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့ ကုန်မျိုးစုံရောင်းချသော ဆိုင်တစ်ဆိုင်မှ ရည်ညွှန်းစျေးဖြင့် ရရှိသော စားအုန်းဆီ တစ်ပေပါအား လူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သား ၂၃၀၀ ကျပ်ဖြင့် ရောင်းချပေး



MNP ၊  စက်တင်ဘာ  ၆

ဧရာဝတိတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ကုန်မျိုးစုံရောင်းချသော ဆိုင်တစ်ဆိုင်မှ ရည်ညွှန်းစျေးဖြင့် ရရှိသော စားအုန်းဆီ တစ်ပေပါအား ယနေ့ နံနက်က လူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သား ၂၃၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


စားအုန်ဆီရောင်းချပေးရာတွင် စနစ်တကျဝယ်ယူနိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ မြန်အောင် မြို့နယ်အတွင်း ရည်ညွှန်းစျေးဖြင့် စားအုန်းဆီ ပထမဦးဆုံး ရောင်းချပေးသော ကုန်မျိုးစုံရောင်းချ သောဆိုင်ဖြစ်ပြီး ယနေ့ရောင်းချရန် စားအုန်းဆီ တစ်ပေပါ (ပိဿာ ၁၁၀) ရရှိကြောင်း သိရသည်။


မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဥ်မှုဖြင့် မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းနှင့် မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့က  တစ်လလျှင် ရည်ညွှန်းစျေးနှုန်း ဖြင့် စားအုန်းဆီ ပိဿာချိန် (၂၂၀၀) အား လေးရက် (တစ်ရက်လျှင် ၅၅၀ ပိဿာ)အား ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ စျေးကားဖြင့် အလှည့်ကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)