အာဆီယံမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ကြေညာချက်များနှင့် လုပ်ငန်းအဖွဲ့များ၏ အစီရင်ခံစာများသည် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ကြေညာချက်များနှင့် လုပ်ငန်းအဖွဲ့များ၏ အစီရင်ခံစာများသည် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဆွေးနွေး




MNP ၊ စက်တင်ဘာ ၅

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ၃-၉-၂၀၂၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်၍ ကျင်းပပြုလုပ်ခဲ့သော အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာအဆင့်မြင့်အရာရှိကြီး ကိုယ်စား ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို အင်ဒိုနီးရှား အဆင့်မြင့်အရာရှိကြီး H.E. Sidharto Reza Suryodipuro က အစည်းအဝေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၌ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဦးစားပေးလုပ်ငန်းစဉ်များ၊ အာဆီယံ၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှု မြှင့်တင်ခြင်းဆိုင်ရာ အကြံပြုချက်များအပေါ် ပြန်လည် သုံးသပ်သည့်ကိစ္စရပ်များ၊ ၂၀၂၃ ခုနှစ်၊ အာဆီယံဆောင်ပုဒ်ဖြစ်သော “ဖွံ့ဖြိုးမှုဗဟိုချက်၊ အာဆီယံက အလေးထား ဆောင်ရွက်” နှင့်အညီ ထုတ်ပြန်နိုင်ရေး ပြင်ဆင်ထားရှိသော အာဆီယံ ကြေညာချက်များ၊  အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) သို့ အာဆီယံပြင်ပနိုင်ငံများမှ ပါဝင်လက်မှတ် ရေးထိုးခြင်းဆိုင်ရာကိစ္စ၊ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပြင်ဆင်ထားရှိမှုများနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ကြေညာချက်များနှင့် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ၏ အစီရင်ခံစာများသည် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေး အစီအစဉ်အလိုက် ဘာသာရပ်ခေါင်းစဉ်ပေါ်တွင်လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ 

ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၂-၉-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၀) ကြိမ်မြောက် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ  ကော်မတီအစည်းအဝေးသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)