MNP ၊ စက်တင်ဘာ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးယိုမျိုးစုံ သင်တန်းဖွင့်ပွဲကို မုတ္တမကျေးရွာအုပ်စု မဂဒူးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အသေးစား၊ စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အိကလျာနိုင်က ယမန်နေ့က ဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ (ယိုမျိုးစုံ) သင်တန်းကို တက်ရောက်ခြင်းဖြင့် ဒေသတွင်းပေါများစွာ ထွက်ရှိနေသည့် သီးနှံများကိုအသုံးပြုပြီး သစ်သီးယိုအစရှိသည့် တန်ဖိုးမြှင့်စားသောက်ကုန်အမျိုးမျိုးကို ဘေးအန္တရာယ်ကင်းရှင်းစွာ ပြုလုပ်နိုင်ပြီး မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် သထုံခရိုင်အသေးစား၊ စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်ခင်မြတ်အေးက နိုင်ငံတော်မှ ထောက်ပံ့မှုဖြင့် ယခုသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မိမိ၏ငွေမကုန်ဘဲ သင်တန်းတက်ရောက်ရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ခြံထွက်ပစ္စည်းများ အလေအလွင့်မရှိဘဲ အကျိုးရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က သင်ထောက်ကူပစ္စည်းများကို သင်တန်းသား၊ သင်တန်းသူများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းကိုစတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းဆရာမ (၂) ဦးက သင်တန်းသူ (၁၅) ဦးကို စတင်သင်ကြား ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၇) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment