ဇေယျာသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ (Quick Win) အစီအမံငါးရပ်အား ပြည်သူများလိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးအရေးယူခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ (Quick Win) အစီအမံငါးရပ်အား ပြည်သူများလိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးအရေးယူခြင်းများဆောင်ရွက်



MNP ၊  စက်တင်ဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ (Quick Win) အစီအမံငါးရပ်အား ပြည်သူများလိုက်နာရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ဆောင်ရွက်ခဲ့သည်။


ထိုသို့ ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ (Quick Win) အစီအမံငါးရပ်တွင် ပါဝင်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေး ပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနင်ခြင်း၊ မော်တော်ယာဉ် မောင်းနေစဉ်လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်ကိုမောင်းနှင်ခြင်း၊ မော်တော်ယာဉ် မောင်းနှင်လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပိုမောင်းနှင်ခြင်း ရှိ/မရှိ တို့ကို မြို့နယ်အတွင်း စစ်ဆေးလျက်ရှိရာ စစ်ဆေးရာနေရာသို့ ဇေယျာသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူးလာရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်အသုံးပြုသူများအား စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ (Quick Win) အစီအမံငါးရပ်အား အသိပေးပြောကြားခြင်းနှင့် စည်းကမ်းမလိုက်နာပါက အရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထွန်းလင်း

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)