MNP ၊ စက်တင်ဘာ ၂၇
ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် နောင်တာလော ကျေးရွာ သာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ မြစ်ကြီးနားခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ Sယိန်းခေါက အယ်နီညို ရာသီဥတု၏ တုံ့ပြန်ချက်များမှာ ရာသီဥတု ပူလွန်းခြင်း၊ အေးခဲခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံ ဖြစ်ခြင်း၊ အစွန်းရောက်ရာသီဥတု ဖြစ်စဉ်များ ထိုသို့ မူမမှန်သည့် ရာသီဥတုဖြစ်စဉ်များသည် သက်ရှိလူနှင့် တိရိစ္ဆာန်တို့၏ အစာရေစာ ရှားပါးမှု၊ အနာရောဂါ ထူပြောမှုများ ဖြစ်ပွားတတ်သဖြင့် အဓိကကျသည့် တိရိစ္ဆာန်များအတွက် ရာသီဥတုလွတ်ကင်း နိုင်မည့် စားကျက်မြေနေရာ ရှာဖွေထားခြင်း၊ အစာရေစာစုဆောင်း သိုလှောင်ထားခြင်း၊ ဆေးဝါး များ ကြိုတင်ရှာဖွေထားခြင်းတို့ ဆောင်ရွက်ထားရှိ ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး ဝိုင်းမော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်သူမှ အယ်နီညို သဘာဝလွန်ရာသီဥတုကြောင့် တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် အစာရေစာရှာဖွေစုဆောင်ထားရေး လုပ်ငန်းများအား ပရိုဂျက်တာဖြင့် အကျယ် တဝင့်ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ဒေသခံမွေးမြူရေး တောင်သူများအား တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လတ်နှင့် ဒေသခံပြည်သူများ (၅၀)ကျော် တက်ရောက်ခဲ့ကြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စီမံချက် (မွေးမြူရေးဘဏ် စနစ်ဖြင့်) နောင်တာလောကျေးရွာနေ မွေးမြူရေးတောင်သူများထံ ဒေသနွား(မ) အကောင်ရေ(၅၀)ကောင်အား ထောက်ပံ့မွေးမြူထားကြောင်း သိရသည်။
ဖြူစင်
https://t.me/MyanmarNationalPost
No comments:
Post a Comment