MNP ၊ စက်တင်ဘာ ၁၈
ပဲခူး တိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထက( ခွဲ) မန်ကျည်းပေါက်ကုန်းကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစိုးရာဇာလင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး သိုက်စိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်းနှင့်မှုခင်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များအကြောင်းကို ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့အထက( ခွဲ) မန်ကျည်းပေါက်ကုန်းကျောင်းမှ ကျောင်းသား ၊ကျောင်းသူ ( ၁၄၀) ဦးခန့်တက်ရောက်၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာ ဗဟုသုတ ရရှိရေးအတွက်ပြန်လည်မေးမြန်းခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment