မအီမြို့ လူထုအခြေပြုဗဟိုဌာန၌ " လူငယ်များသိသင့်သော အပြုအမူများ " ဆောင်ပါးဖြင့် စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့ လူထုအခြေပြုဗဟိုဌာန၌ " လူငယ်များသိသင့်သော အပြုအမူများ " ဆောင်ပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်





MNP ၊  စက်တင်ဘာ  ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အမှတ်(၄)ရပ်ကွက် အ. လ. က(ခွဲ)မှ စာပေချစ်မြတ်နိုးသူ ကျောင်းသားကျောင်းသူများဖြင့် ဆောင်းပါးရှင် မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)၏ " လူငယ်များသိသင့်သော အပြုအမူများ " ဆောင်းပါးပါ အကြောင်းအရာများဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက လူထုအခြေ ပြုဗဟိုဌာန၊ စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးသက်နောင်ထွန်းက လူငယ်များအတွက် စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဆောင်းပါးမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃- ခုနှစ်၊ ဇူလိုင်လ(၁) ရက်နေ့ကထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၃)ပါ ဆောင်းပါးရှင် မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)၏ ဆောင်းပါးဖြစ်ပြီး ဖော်ပြပါ ဆောင်းပါးတွင်ပါရှိသည့် " လူငယ်များအနေဖြင့် ဘဝခရီးလျှောက်လှမ်းရာတွင် သိထားသင့်သော အပြုအမူများမှာ အကျင့်စာရိတ္တကို အခြေခံသော အပြုအမူများ၊ လုပ်ရည်ကိုင်ရည်ကို အခြေခံသော အပြုအမူများကို အမှတ်(၄)ရပ်ကွက် အ. လ. က(ခွဲ)မှ စာပေချစ်မြတ်နိုးသူ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများက အလှည့်ကျ ဖတ်ကြားခဲ့ကြပြီး ဆောင်းပါတွင် ပါရှိသည့်အကြောင်းအရာတို့အား မိမိတို့၏ စိတ်ကူးသဘောထားအမြင်တို့ဖြင့် အချင်းချင်းနှီးနှောဆွေးနွေးခဲ့ကြသည်။


ထို့နောက် ဦးစီးမှူး ဦးသက်နောင်ထွန်းက အမှာစကားပြောကြားရာတွင် လူငယ်များသည် ကိုယ်တိုင်လေ့လာခြင်း၊ တိုးတက်မှုရရှိအောင်ပြုခြင်း၊ အသစ်တစ်ဖန် ဆန်းသစ်ခြင်းတို့ဖြင့် စဉ်ဆက်မပြတ် တိုးတက်မှုကို ရယူနိုင်မည်ဖြစ်ကြောင်း၊ အမှားများကို ကြောက်ရွံ့ခြင်းမရှိဘဲ အမှားများမှ လေ့လာသင်ယူခြင်းဖြင့် မိမိတို့၏ ဘဝအတွက် ပိုမိုကောင်းမွန်သော ရည်မှန်းချက်သို့ လှမ်းတက်နိုင်မည်ဖြစ်ကြောင်းတို့ကို ကျောင်းသားကျောင်းသူများသို့ ပြောကြားခဲ့ကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)