မာန်အောင်မြို့နယ် ကမားကျေးရွာအ-ထ-ကတွင်(RCC)နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ရန်ပန္နက်တင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် ကမားကျေးရွာအ-ထ-ကတွင်(RCC)နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ရန်ပန္နက်တင်အခမ်းအနားကျင်းပ






MNP ၊  စက်တင်ဘာ  ၁၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကမားကျေး ရွာအ-ထ-က တွင်(RCC)နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင် အခမ်းအနားကို ယနေ့နံနက်၉နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


  ရှေ့ဦးစွာ အဆောက်အဦးပန္နက်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့် ဌာနဆိုင်ရာများ၊မာန်အောင်စိမ်းလန်းဖွံ့ဖြိုးကုမ္ပဏီမှတာဝန်ရှိသူများ၊ကျောင်းအုပ်ဆရာကြီးနှင့်ကျောင်းအကျိုးတော်ဆောင်များ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများက ပန္နက်တင်ပေးကြသည်။


   အဆိုပါ(RCC)နှစ်ထပ်ကျောင်းဆောင်သစ်အားပညာရေးဝန်ကြီးဌာန၏(၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ(၄၇၇•၁၂၄)ကျပ်သန်းဖြင့် မာန်အောင်စိမ်းလန်းဖွံ့ဖြိုး ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး အဆောက်အဦးမှာအလျား( ၁၄၀)ပေ၊အနံ (၃၀)ပေ ရှိ(RCC)နှစ်ထပ်ကျောင်းဆောင်ဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)