MNP ၊ စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိ ပညာပေးဟောပြောခြင်းကို မဟိန်ဂျီ (အ.မ.က) မူလွန်ကျောင်း၌ ယနေ့ နံနက် ၁၁ နာရီအချိန်က အသိပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်နိုင်နိုင်ဌေး မှ "ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပါ" ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် သစ်ပင်စိုက် ပျိုးခြင်း၏ အကျိုးများ၊ လူသားများ အသက်ရှုနိုင်ရန် သစ်ပင်သည် အရေးအကြီး ဆုံးဖြစ် ကြောင်း၊ သစ်ပင်များကို အလွန်အကျွံခုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများအ ကြောင်း၊ ပလတ်စတစ်အမှိုက်များ၏ မြေထုနှင့် ရေထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ အကြောင်းစသည့် အကြောင်းအရာများကို ရှင်း လင်းပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများကို ပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment