MNP ၊ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများ ဒေသခံပြည်သူများ နေ့စဥ် နေထိုင်စားသောက်ရေး အထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီက အမှတ် (၃)ရပ်ကွက်တွင် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ က လွတ်လပ်စွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆီငါးဆယ်သားကိုငွေကျပ် ၂၅၀၀နှုန်း၊ ငါး တစ်ပိဿာကိုငွေကျပ်၂၅၀၀ နှုန်းဖြင့် လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment