MNP ၊ စက်တင်ဘာ ၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား/သူများအား ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biographic) များ ကောက်ယူခြင်းကို ယမန်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများယူဆောင်လာစေပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၏ (Biometric) ဆိုင်ရာ အချက်အလက်များ စာရင်းကောက်ယူပြီး (Database) တွင် သိမ်းဆည်းကာ ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို ထုတ်ပေးသည်။
မုဒုံမြို့နယ်တွင် ဦးတည်အုပ်စု (၆) အုပ်စုရှိသည့်အနက် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား/သူများ၊ သံဃာတော်/သီလရှင်သာသနာ့ဝန်ထမ်းများဟူ၍ ဦးတည်အုပ်စု (၃) အုပ်စုနှင့် အကျုံးဝင်သူများသာရှိပြီး ၎င်းတို့အား ဦးစွာစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
သားငယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment