MNP ၊ စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးလျာထား ဧကပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ လျာထားဧက ၁၁၀၇၅ စိုက်ပျိုးပြီးသွားပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း မိုးစပါးလယ် ၉၅၉၅ ဧက၊ ယာ ၁၃၆၉ ဧကနှင့် တောင်ယာ ၁၁၁ ဧက စုစုပေါင်း ၁၁၀၇၅ ဧကစိုက်ပျိုးပြီးသွားပြီဖြစ်ကြောင်း၊ စပါးမျိုးများအနေဖြင့် လယ်စပါးမျိုး ရွှေရင်အေးစပါးနှင့် DU-12 စပါး ကိုလည်းကောင်း၊ ယာစပါးကိုခေါက်ဖီပန်၊ ခေါက်လိန်စောက် မျိုးစပါးကိုလည်းကောင်း၊ တောင်ယာစပါးကို ခေါက်လိန်စောက် စသည့်မျိုးများကိုစိုက်ပျိုးကြကြောင်း၊ မိုးစပါးလျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက်လည်း တောင်သူပညာရေးလုပ်ငန်းများနှင့် မိုးစပါးစိုက်ခင်းများ တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် လိုက်နာရမည့်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်လျက်ရှိပြီး နည်းပညာနှင့် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသလို မျိုးစေ့ထုတ်တောင်သူများကိုလည်း မြေဩဇာများ ထောက်ပံ့ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် တစ်ဧကထွက်နှုန်းတင်း ၁၀၀ ပန်းတိုင်ရရှိရေး ၃၃၂၁ ဧကဆောင်ရွက်ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment