လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့် ​မြေပြိုကျ၍ တောင်ခြေရှိ လူနေအိမ်(၂)လုံးပြိုကျပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့် ​မြေပြိုကျ၍ တောင်ခြေရှိ လူနေအိမ်(၂)လုံးပြိုကျပျက်စီး





MNP ၊  စက်တင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ အောက်ကျောက်ဝပ်ကျေးရွာ၌ ယမန်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုကျ၍ တောင်ခြေရှိ လူနေအိမ် (၂)လုံးပြိုကျပျက်စီး သွားခဲ့ကြောင်း သိရသည်။


ဖြစ်စဥ်မှာ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ အောက်ကျောက်ဝပ်ကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အောက်ကျောက်ဝပ်ကျေးရွာ ကားလမ်းနံဘေးရှိ တောင်ခြေတွင်ကပ်လျက် တည်ဆောက်ထားသည့် ဦးလွင်ပါ မိသားစုဝင် (၄)ဦးတို့နေထိုင်သည့် အိမ်(၁) လုံးပြိုကျပျက်စီး၍ ဆုံးရှုံးမှုတန်ဖိုးကျပ် (၂၀၀၀၀၀၀/)အားလည်းကောင်း၊ ဦးသက်နိုင်ဝင်းပါ မိသားစုဝင် (၅)ဦးတို့နေထိုင်သည့် နေအိမ်(၁)လုံး၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်(၁၅၀၀၀၀၀/-)အား လည်းကောင်း၊ နေအိမ်(၂)လုံးအတွက် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ်( ၃၅၀၀၀၀၀/-) ခန့်ရှိ၍ အဆိုပါဖြစ်စဥ်တွင် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိပါကြောင်းနှင့် နေအိမ် (၂)လုံးရှိ မိသားစာဝင်များကို ကျေးရွာအုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် ၎င်းတို့ဆွေမျိုးများအိမ်၌ ပြောင်းရွေ့နေထိုင်ခဲ့ကြောင်း သိရသည်။


သိန်းသိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment