ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် အခြေခံပြည်သူများအား မနောသုခဆန် ပြည် ၇၀၀ အခမဲ့ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် အခြေခံပြည်သူများအား မနောသုခဆန် ပြည် ၇၀၀ အခမဲ့ လှူဒါန်း



MNP ၊  စက်တင်ဘာ  ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များက ကျေးရွာအတွင်းရှိ ပြည်သူများ လတ်တလောစားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံအိမ်ထောင်စုများနှင့် လက်လုပ်လက်စားလုပ်ကိုင်သည့် အိမ်ထောင်စုဝင်များအား မနောသုခဆန် ပြည် ၇၀၀ ကို  ယနေ့နံနက် ၇ နာရီအချိန်က ပဒါန်းအုပ်ချုပ်ရေးမှူး အိမ်ရှေ့တွင် အခမဲလှူဒါန်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ထိုသို့လှူဒါန်းရာတွင် ပဒါန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ရွှေနှင့် မိသားစုဝင်များက လှူဒါန်းဖြန့်ဝေခြင်းဖြစ်ပြီး ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်စိုးတို့က ကြည့်ရှုအားပေးကာ ပဒါန်းကျေးရွာအတွင်းရှိ ရှင်သာမဏေနှင့် သီလရှင်များ၊ အခြေခံအိမ်ထောင်စုများနှင့် လက်လုပ်လက်စားလုပ်ကိုင်သည့် အိမ်ထောင်စုများမှ  ပြည်သူတစ်ဦးလျှင် မနောသုခဆန် တစ်ပြည်နှုန်းဖြင့် ခန့်မှန်တန်ဖိုး ငွေကျပ် ၂၄ သိန်း ၅သောင်းရှိ ဆန်ပြည် ၇၀၀ တို့အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost




No comments:

Post a Comment