လားရှိုးမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်





MNP ၊ စက်တင်ဘာ ၁

ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲကို သြဂုတ်(၂၉)ရက် မွန်းလွဲ(၂)နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေး လာမည့်ရွေးကောက်ပွဲအား ကြိုတင်ခန့်မှန်းပြီး ဆန္ဒမဲပေးခွင့်ရှိသည့် အသက်အရွယ်ရှိသူတိုင်း ကိုင်ဆောင်လက်မှတ် တစ်ခုခုရရှိစေရေးအတွက် ပန်းခင်းစီမံချက် အဆင့်(၁)ကို ၂၀၂၁ခုနှစ် မေ(၃)ရက်နေ့မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့ထိ (၁၈)လတာ ကာလ ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်နိုင်သည့် (၁၉)မြို့နယ်ရှိ လျာထားဦးရေ (၃၂၈၅၂၃)ဦးအား  ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ "ဝ" အထူးဒေသ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းမြို့နယ်များတွင် (၆၂၇၁၆)ဦးအား ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ ပန်ဆန်း(ပန်ခမ်း)မြို့နယ်တွင် လက်ရှိဆောင်ရွက်လျက်ရှိပြီး (၁၁၁၀၇)ဦး ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက် အဆင့်(၂)အား ၂၀၂၂ခုနှစ် သြဂုတ်(၁)ရက်နေ့မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့ထိ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လျာထားဦးရေ (၁၁၁၂၃၃)ဦးအနက် ၂၀၂၃ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့ထိ (၈၇၆၂၈)ဦး ဆောင်ရွက်ပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၈ ရာခိုင်နှုန်းပြီးစီးခဲ့ပါကြောင်း၊ မြို့နယ်များအလိုက် ကျန်ရှိသူ(၂၃၆၀၅)ဦးအား သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းတိုင်းရင်းသား၊ ပလောင်တိုင်းရင်းသား၊ မုန်းဝန်းတိုင်းရင်းသားတို့အား ပေးအပ်၍လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်က ရှမ်းတိုင်းရင်းသား၊ ကိုးကန့်တိုင်းရင်းသား တို့အား ပေးအပ်၍လည်းကောင်း၊ ပလောင်တိုင်းရင်းသား၊ လီဆူတိုင်းရင်းသား၊ ဗမာတိုင်းရင်းသား၊ လားဟူတိုင်းရင်းသား၊ ကချင်တိုင်းရင်းသား၊ ဗမာတိုင်းရင်းသား၊ “ဝ”တိုင်းရင်းသားတို့ကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌတို့က အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် လားရှိုးမြို့နယ် Biometric ကိုယ်ရေးအချက်အလက်များ ကောက်ယူသည့် လုပ်ငန်းစဉ်အား လက်တွေ့သရုပ်ပြသခြင်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လားရှိုးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)