ပြည်ထောင်စုနယ်မြေ နေပြည်တော် အ.ထ.က (၆) တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုနယ်မြေ နေပြည်တော် အ.ထ.က (၆) တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ








MNP ၊  စက်တင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အေရိုးဗစ်အားကစားနှင့် ဂျွမ်းဘားသရုပ်ပြကစားခြင်း၊ ဟာသအနုပညာရှင်များဖြစ်သည့် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က ပဏာမဖျော်ဖြေတင်ဆက်ကြပြီး အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူကလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားပြီး စာရေးဆရာမ မေကျော့ရှင်းက ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။

ယင်းနောက် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း အားကစားပြိုင်ပွဲများ၊ ဉာဏ်စမ်းပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူကလေးများ ပျော်ရွှင်စွာ ပါဝင်ဆော့ကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


ဇော်ဖြိုးအောင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)