MNP ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်မိုးနှင့် ဝန်ထမ်းများက ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် (ဧပြီ ၊မေ ၊ဇွန်)လများ အတွက် ပေါက်တော မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင် (၈၉၆) ဦး၊ အသက် (၂)နှစ်အောက် ကလေးငယ် (၃၃၉၃) ဦး အကျိူးခံစားခွင့်ရှိသူ (၄၂၈၉)ဦး အတွက် စုစုပေါင်း ငွေကျပ် (၁၈၂၉၇၀၀၀၀) ကျပ် အား ထောက်ပံ့ပေးမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါနိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအားထောက်ပံ့ငွေများ ပေးအပ်ရခြင်းမှာ အာဟာရပြည့်ဝစွာ စားသောက်နေထိုင်ကြပြီး၊ ကျန်းမာကြံ့ခိုင်သော ဉာဏ်ရည်ဖွံံ့ဖြိုးသည့် ကလေးများဖြစ်လာစေရန်နှင့် မသန်စွမ်းဖြစ်ပွားမှုနှုန်း လျော့ကျစေရန်အတွက် ရည်ရွယ်၍ ထောက်ပံ့ငွေများပေးအပ်ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment