ဟိုပုံးမြို့နယ်၌ MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတိုမှ ‌မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ကျေးရွာအ‌ရောက် ထောက်ပံ့ငွေ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပုံးမြို့နယ်၌ MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတိုမှ ‌မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ကျေးရွာအ‌ရောက် ထောက်ပံ့ငွေ ပေးအပ်



MNP ၊  စက်တင်ဘာ  ၁၁

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင်  လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန်လအတွက် အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတိုမှ ‌မွေးဖွားလာသည့်  အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ကျေးရွာအရောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၁) အုပ်စုတို့တွင် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား မွေးစမှ ရက်ပေါင်း တစ်ထောင်အတွင်း အာဟာရဖွံဖြိုးတိုးတက်လာစေရန်အတွက် ထောက်ပံ့ပေးရခြင်းဖြစ်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိင်္ဂီအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁)အုပ်စုတို့မှ ကိုယ်ဝန်ဆောင် မိခင် (၆၇၀)ဦး နှင့် ၎င်းတိုမှ မွေးဖွားလာသည့် အသက် (၂)နှစ်အောက် ကလေးသူငယ် (၂၁၅၂)ဦး စုစုပေါင်း(၂၈၂၂)ဦး ငွေကျပ်သိန်း (၈၀၉၂၅၀၀)ကျပ်တို့အား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး‌ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများတွင်လည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)