မော်စကို၊ စက်တင်ဘာ ၂၉
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မကြာမီ တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အရေးကြီးသော မဟာဗျူဟာကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Hanhui က TASS သို့ ပြောကြားခဲ့သည်။
"ထိပ်သီးအစည်းအဝေးမှာ ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးရဲ့ လက်ရှိနဲ့ အဓိကကျတဲ့ ကိစ္စရပ်တွေအပြင် နိုင်ငံတကာနယ်ပယ်မှာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် အပြန်အလှန်ဆက်ဆံရေးကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒါက အရမ်းအရေးကြီးပါတယ်" ဟု တရုတ်သံတမန်က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်၏ တရုတ်နိုင်ငံသို့ သွားရောက်မည့်ရက်ကို သတ်မှတ်ထားသော်လည်း မကြေညာသေးကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၀ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံစဉ် ပူတင်က တရုတ်သမ္မတ Xi Jinping ၏ သဘောထားကို ဝမ်းမြောက်စွာ လက်ခံခဲ့ကြောင်း၊ Belt and Road ဖိုရမ်အတွက် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။
Ref - TASS
https://t.me/MyanmarNationalPost

No comments:
Post a Comment