မင်းလှမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 


MNP ၊  စက်တင်ဘာ  ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က မိုးရာသီသီးနှံများစိုက်ပျိုးပြီးစီးပါက နွေစပါးနှင့် အခြားသီးနှံများကိုလည်းအချိန်မှီစိုက်ပျိုးကြရန်၊ မွေးမြူရေးကဏ္ဍများပိုမိုတိုးတက်ရေးကြိုးစားလုပ်ဆောင်ကြရန်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ၊ မြို့သန့်ရှင်းလှပစေရန်အတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးတွင်ပါဝင်ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် လိုအပ်ချက်များကိုအသီးသီးဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများက မြေပြင်အခြေအနေတွင်ကြုံတွေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးဆွေးနွေးပြောကြားခဲ့သည်။


ပေါက်စ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)