ဂွမြို့နယ်တွင် မြို့မရပ်ကွက်နေ စားသုံးသူပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မြို့မရပ်ကွက်နေ စားသုံးသူပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိ





MNP ၊  စက်တင်ဘာ  ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့်  စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေပိုင်းက မြို့မရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား  စားသုံးဆီများကို လက်လီရောင်းချပေးခဲ့သည်။


ဂွမြို့နယ်တွင် Lwin Mg Mg Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် မြို့နယ်စားသုံးဆီအရောင်းကိုယ်စားလှယ် ဦးဟိန်းမင်းထက် ဦးဆောင်သောအဖွဲ့မှ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ရပ်ကွက်အတွင်းရှိ ပြည်သူများကို စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း လက်လီ ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်းသိရသည်။


ထိုသို့ စားသုံးဆီရောင်းချမှုကို မြို့မရပ်ကွက်နေပြည်သူများထံသို့ ပိဿာ ( ၈၀၀)အား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းနှင့် စက်တင်ဘာလ(၂၉)ရက် တစ်ရက်နားပြီး စက်တင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ရွာမရပ်ကွက်ရှိ စားသုံးသူ ပြည်သူများသို့  ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)