လွိုင်ကော်မြို့၌ ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့၌ ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ



MNP ၊  စက်တင်ဘာ  ၂၉

ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ကရာတေးအားကစားရုံ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားနည်းပြများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ ပြည်နယ်အတွင်းရှိ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများကို ရှာဖွေဖော်ထုတ် လေ့ကျင့်ရွေးချယ်နိုင်ရေး၊ ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းတွင် ဘက်စုံထူးချွန်သည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ရေးကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပြည်နယ်ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်မှန်းပြီး သက်ဆိုင်ရာဦးစီးဌာနများနှင့် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘောလခဲမြို့နယ် (ခ) အသင်းနှင့် ဖားဆောင်းမြို့နယ် (က) အသင်း ကိုယ်စားပြုယှဉ်ပြိုင်ကြသည့် အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲစဉ်အား ကြည့်ရှုအားပေးခဲ့ကြသည်။


ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားများအားလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် မြို့နယ်ကိုယ်စားပြု အသင်းများအားလည်းကောင်း၊ ပူးတွဲတတိယဆု ရရှိသည့် လွိုင်ကော်မြို့နယ် (က) အသင်းနှင့် လွိုင်ကော်မြို့နယ် (ခ) အသင်း၊ ဒုတိယဆုရရှိသည့် ဘောလခဲမြို့နယ် (ခ) အသင်း၊ ပထမဆုရရှိသည့် ဖားဆောင်းမြို့နယ် (က) အသင်းတို့အား ဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး ဆုရအားကစားသမား များနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)