(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ်စီးဦးထုပ်အလုံး ၅၀၀ နှင့် လက်ကမ်းစာစောင်များပေးဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ်စီးဦးထုပ်အလုံး ၅၀၀ နှင့် လက်ကမ်းစာစောင်များပေးဝေ



MNP ၊  စက်တင်ဘာ  ၂၉

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသခံပြည်သူများသို့ ဆိုင်ကယ်စီးဦးထုပ်များနှင့် လက်ကမ်းစာစောင်များ၊ စတစ်ကာများဖြန့်ဝေခြင်းကို ယနေ့နံနက်၉ နာရီအချိန်က လားရှိုးမြို့  ၊ အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးရှေ့တွင် ပြုလုပ်သည်။


ဆိုင်ကယ်စီးဦးထုပ်များပေးဝေခြင်းကို ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(လားရှိုး) ရဲမှူးကြီး လှမင်း ၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုး ၊ အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးထိုက် ၊အမှတ်(၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လားရှိုး)မှ ဒုတိယရဲမှူး ထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လားရှိုးမြို့  ပြည်ထောင်စုလမ်းမကြီးပေါ် အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံး ရှေ့တွင် ဖြတ်သန်းသွားလာနေကြသည့် ဒေသခံပြည်သူများကို ဆိုင်ကယ်စီးဦးထုပ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ၊ စတစ်ကာများကို ပေးဝေခဲ့ကြသည်။


အမှတ် (၂၀)ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံးအနေဖြင့်  ဒေသခံပြည်သူများအား ဆိုင်ကယ်စီး ဦးထုပ်၅၀၀ လုံး၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ စာတန်းရေးသားထားသည့် စတေကာ ၅၀၀ ခု၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ၅၀၀စောင်တို့ကို ဒေသခံပြည်သူများထံ ပေးဝေခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)