ဂန့်ဂေါမြို့နယ်မှာ တပ်မတော်ကို ထောက်ခံအားပေးသည့် မိသားစုများ အတိဒုက္ခရောက်နေပြီ (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ်မှာ တပ်မတော်ကို ထောက်ခံအားပေးသည့် မိသားစုများ အတိဒုက္ခရောက်နေပြီ (အိတ်ဖွင့်ပေးစာ)



ကျွန်တော်သည် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်းကျေးရွာ က ဖြစ်ပါတယ်။ ၁၄-၅-၂၀၂၃ ညမှ PDF အကြမ်းဖက်သမားများက လိုက်သတ်လို့ တိမ်းရှောင် ထွက်ပြေးခဲ့ရပါတယ်။ ကျွန်တော့်လို လူများလည်း ရာနှင့်ချီ၍ ရှိပါတယ်။ တောင်ခရမ်းကျေးရွာမှာ PDF အကြမ်းဖက်သမားများက ဒလန်ဟု စွပ်စွဲပြီး သတ်ခဲ့တာ ၂၃ဦး ရှိခဲ့ပါပြီ။ နောက်ထပ် ဘယ်လောက်အထိ သတ်အုံးမယ်ဆိုတာ မတွေးရဲစရာဖြစ်ပါတယ်။

ယခု ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများမှာ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်။ ငါးပိ တစ်ပိဿာ ၆၀၀၀၀ ကျပ်၊ ဟင်းချိုမှုန့် တစ်ပိဿာ ၅၅၀၀၀ ကျပ် ဈေးရှိပါသည်။ သို့သော် ဝယ်၍ မရပါ။ ဘာကြောင့်လဲဟု ဆိုပါလျင် ကလေးမြို့နှင့် ဂန့်ဂေါမြို့ကြားရှိ လမ်းပိုင်းကို PDF အကြမ်းဖက်သမားများက ပိတ်ထားသည်မှာ ၃လကျော် ရှိပါပြီ။

PDF အကြမ်းဖက်သမားများသည် ရဟန်းသံဃာများနှင့် ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်နေပါသည်။ တပ်မတော်ကို ထောက်ခံသူ မိသားစုများ ပိုင်ဆိုင်သော ကျွဲ၊ နွား၊ ကြက်၊ ဝက်ပါမကျန် သိမ်းဆည်းရယူ၍ PDF အကြမ်းဖက်သမားများက စားသောက်နေကြပါသည်။ အမျိုးသမီးများကို မုဒိန်းကျင့် ဖျက်ဆီးခြင်းများကိုပါ PDF အကြမ်းဖက်သမားများက ကျူးလွန်နေကြပါတယ်။ 

တောင်သူများ၏ သီးနှံဈေးများအား အဆမတန်နှိမ်ခြင်း၊ ပြည်သူ့စစ်ရှိသော ကျေးရွာများတွင် နှမ်းတစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ PDF ထိန်းချုပ်ထားသောရွာများတွင် နှမ်းတစ်တင်းလျှင် ၁၃၀၀၀၀ ကျပ် ဖြစ်ပါတယ်။ ကုန်ဈေးနှုန်း အဆမတန် ကွာဟအောင် PDF အကြမ်းဖက်သမားများက လုပ်ဆောင်လျက်ရှိပါတယ်။ 

တပ်မတော်ကို ထောက်ခံသည့် မိသားစုများမှာ စားဝတ်နေရေး လွန်စွာပင်ကြပ်တည်းနေရပါတယ်။ သို့ပါသောကြောင့် တပ်မတော်အနေဖြင့် PDF အကြမ်းဖက်သမားများကို အမြန်ဆုံး နှိမ်နင်းပေးပါရန် အသနားခံ တင်ပြအပ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ လွှမ်းမိုးထားသည့် ကျေးရွာများမှာ ရွှေဘို၊ ရေသာ၊ တောင်ခရမ်း၊ နှမ်းခါး၊ ရေရှင်၊ ချောင်းခွ၊ မြင်သာ၊ ကုန်းရွာ၊ အလယ်ရွာ၊ ရေမ၊ ရဲလှ၊ ချောင်းကောက်၊ မွေ့လယ်၊ ရေရှင်မ၊ ကံသာ၊ ကံချွန်းခုန်သာ၊ ဘော်ပြင်၊ တောင်ယာပြင်၊ မောက်လင်း၊ ထယ်လှော်၊ ကျွန်းတပ်၊ မိုးဦး၊ ကွမ်းစဲ၊ လာပို့ကျေးရွာများသည် PDF အကြမ်းဖက်သမားများ လွှမ်းမိုး ခြေကုပ်ယူထားပါသည်။

ကျွန်တော်တို့ ဒေသကို အမြန်ဆုံး အေးချမ်းအောင် ဖြေရှင်းဆောင်ရွက်ပေးရန် မြန်မာ့တပ်မတော်ကြီးအား အသနားခံ တင်ပြအပ်ပါသည်။

(မှတ်ချက် - ကျေးရွာအမည်များမှာ ဒေသခံ ပြည်သူက ရေးသားပို့သည့်အတိုင်း ပြန်လည်ရေးသားဖော်ပြ ထားခြင်း ဖြစ်ပါသည်။)


ဒေသခံ ပြည်သူတစ်ဦး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)