ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား / ကျောင်းသူများအား ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီးပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား / ကျောင်းသူများအား ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီးပို့ဆောင်







MNP ၊  စက်တင်ဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းမှကျောင်းသား / ကျောင်းသူများအား ယမန်နေ့ နံနက်ပိုင်းက ကျောင်းတွင်းဘာသာရပ်များ သင်ကြားမှုအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့်ပတ်သက်သည့် ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီးကို ပို့ဆောင်ပေးခဲ့သည်။


အဆိုပါ ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီးပို့ဆောင်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ပံ့ပိုးကူညီမှုဖြင့် ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း မှ ကျောင်းသားကျောင်းသူ (၅၉)ဦးတို့အား ရွှေတောင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးမျိုးအောင် နှင့်ဝန်ထမ်းများ၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများ၊ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ/ ဆရာမများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များလိုက်ပါ၍ ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်းရှိ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ဦးတူး၏ စီးပွားဖြစ် နို့စားနွားမွေးမြူထားရှိမှုနှင့် တောင်သူ ဒေါ်သောင်းရီ စိုက်ပျိုးထားသော မျိုး (၈)မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ကွက်အား လည်းကောင်း ၊မယားမန်ကျေးရွာရှိ တောင်သူ ဦးခင်မြင့်၏ ရတနာတိုး (RS-CS) မျိုးစေ့ထုတ်စိုက်ခင်းအားလည်းကောင်း၊ လေးထောင့်ကန်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝင်းစံပယ်၏ အသားတိုးကြက်ခြံတို့အား ကွင်းဆင်းလေ့လာခဲ့ကြပြီးနောက် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာ၌ တည်ထားကိုးကွယ်လျက်ရှိသော ရွှေဘုံသာမုနိစေတီတော်မြတ်အား သွားရောက်ဖူးမြော် လေ့လာခဲ့ ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)