ဂျပန်ကုမ္ပဏီ ၃၄၂ ခုက မြန်မာလုပ်သား ၁၀၀၀ ကျော် အလုပ်ကမ်းလှမ်းစာများ ပေးပို့ထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျပန်ကုမ္ပဏီ ၃၄၂ ခုက မြန်မာလုပ်သား ၁၀၀၀ ကျော် အလုပ်ကမ်းလှမ်းစာများ ပေးပို့ထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ထုတ်ပြန်


MNP ၊ စက်တင်ဘာ ၁၅

တိုကျိုမြို့အခြေစိုက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး က ကုမ္ပဏီပေါင်း (၃၄၂)ခုက အလုပ်ကမ်းလှမ်းစာများ ပေးပို့ထားမှုနှင့် ပတ်သက်၍ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်အသိပေးထားသည်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိပါကြောင်း၊ မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်နေ့ အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၄၂)ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး အကြောင်းကြားထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

တိုကျိုမြို့အခြေစိုက်၊ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီများမှ မြန်မာနိုင်ငံမှ အလုပ်သမား ကျား/မ ၁၀၀၀ ကျော် ခေါ်ယူမည်ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)