အမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင် ဆာရောဂါကာကွယ်ဆေး HPV အ ကြောင်း အသိပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင် ဆာရောဂါကာကွယ်ဆေး HPV အ ကြောင်း အသိပေးဆွေးနွေး





MNP ၊  စက်တင်ဘာ  ၁၅

   ရခိုင်ပြည်နယ် အမ်းခရိုင်၊အမ်းမြို့နယ် အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိအမျိုး သမီးငယ်များအားသား အိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေး HPV ထိုးနှံပေးနိုင်ရေး မြို့နယ်အဆင့်အ သိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ၃၀ အချိန်ကမြို့နယ်ပြည်သူ့ဆေး ရုံအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အ မျိုး သမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေး ထိုးနှံဖို့အခွင့်အရေးကြုံလာချိန်၌ မိန်းကလေးငယ်များအား လုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းပြောကြားပြီး မြို့နယ်ကုသ ရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာအောင်ကျော်မိုးကကမ္ဘာ တစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေတစ်သိန်းတွင် ၁၃ ဒဿမ ၃ ဦး ရှိကြောင်းနှင့် ရောဂါကြောင့်သေဆုံးမှုမှာ ၆ ဒဿမ ၉ ဦး ရှိကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါ ကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင်ဖြစ်ပြီး လည်းကောင်း နိုင်ငံများတွင် ရောဂါကြောင့်သေဆုံးမှုနှုန်း မြင့်မားနေသည်ကိုတွေ့ရကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့်ကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစားလေးမျိုးကိုကာကွယ်နိုင်သည့် ကာကွယ် ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူ ခြင်းဖြင့် သားအိမ်ခေါင်ကင်ဆာ ရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်း လင်းပြောကြားခဲ့သည်။


   ထို့နောက် သားအိမ်ခေါင်းကင်ဆာရော ဂါကာကွယ်ဆေးထိုးနှံမှုများနှင့်ပတ် သက် ၍ Video Clips ကိုပြသခဲ့ပြီးတက် ရောက် လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်းနှင့်အမ်း မြို့နယ်တွင် ကျောင်းအခြေပြု နှင့်ပြည်သူ အခြေပြုထိုးနှံသွားမည်ဖြစ်ရာ

ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင် ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုးနှံသွားမည်ဖြစ်ပြီး ပြည်သူအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကိုအောက်တို ဘာလအတွင်း ထိုးနှံပေးသွားမည် ဖြစ် ကြောင်း သိရသည်။


    အခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးစိုးမင်းထက် နှင့်အဖွဲ့ဝင်များမြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်း များ အခြေခံပညာဦးဌာန ခရိုင်ပညာရေးမှူး မြို့နယ်ပညာရေးမှူးနှင့်ကျောင်း အုပ် များ မြို့နယ်အ မျိုးသမီးရေးရာမိ ခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူး များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)