မလှိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




MNP ၊  စက်တင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၃.၉.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင်  မြန်မာ့အနုသုခုမပညာကို ထိန်းသိမ်းသောအားဖြင့် နိုင်ငံတော်မှ ယခုပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြိုင်ပွဲဝင်များအားလုံး မြို့နယ်အဆင့်ကနေ ဗဟိုအဆင့်အထိ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုဆွပတ်ခူးနိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ထိုနောက် မြို့နယ် သဘင်အစည်းအရုံးဝင်များက “ဆိုကရေးတီးပြိုင်ဒို့မလှိုင်”သီချင်းဖြင့်ဂုဏ်ပြု ဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပ ပြုလုပ်ပေးခဲ့သည်။


အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများ ဆုချီးမြှင့်ပွဲကို ယမန်နေ့ကကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးစိုးမင်းထက်က ဆုရွေးချယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကံသိန်းက ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ သည်။ ထိုနောက်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အသက်အပိုင်း အခြားအလိုက် မဟာဂီတ၊ ခေတ်ဟောင်းတေး/ကာလပေါ်၊ အက၊ အတီး ပြိုင်ပွဲဝင် ဆုရရှိသူတို့အား ဂုဏ်ပြုကတ်ပြား၊ ရွှေတံဆိပ် ဆုဆွဲကြိုးနှင့် ဂုဏ်ပြုဆုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူများက တစ်ဦးချင်း ဆုများ ချီးမြှင့်ပေးခဲ့ပြီး ရွှေတံဆိပ်ရရှိခဲ့သည့် ပြိုင်ပွဲဝင်တို့မှ ပြဌာန်းသီချင်းများ၊ အကများဖြင့် ဧည်ခံဖျော်ဖြေခဲ့ကြသည်။


ပြိုင်ပွဲသို့ အသက်အပိုင်း အခြားအလိုက် မဟာဂီတ၊ ခေတ်ဟောင်းတေး/ကာလပေါ်၊ အက၊ အတီးပြိုင်ပွဲဝင် စုစုပေါင်း(၅၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်အဆင့်တွင် ဆုရရှိသူ(၃၁)ဦးတို့အား ခရိုင်အဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)