MNP ၊ စက်တင်ဘာ ၁၅
မြိုင်မြို့နယ် တောင်မြို့စိုးကျေးရွာ အနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲဝင်များသည် စက်တင်ဘာလ ၁၄ ရက် ညနေ ၃ နာရီခန့်တွင် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမား ၂ဦး အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တောင်မြို့စိုးကျေးရွာ အနီး PDF အကြမ်းဖက်သမားများ အခြေပြုနေသော ထန်းလက်မိုး တဲ ၁ လုံး၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁၆ လုံး၊ ပြောက်ကျားယူနီဖောင်း ၂ စုံ၊ မိုးကုတ် PDF တံဆိပ်ပါ တီရှပ် ၃ ထည်၊ နီ/နက်ဝါယာကြိုး ၁ ခွေ၊ ဆိုင်ကယ်ဘက္ထရီ ၃ လုံး၊ အိုင်ကွန် ၁ လုံး၊ Redmi ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
(အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အကြမ်းဖက်အန္တရာယ် ဟူသမျှ ဖယ်ရှားရှင်းလင်းနိုင်ကြပါစေ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ ရဟန်းရှင်လူပြည်သူအပေါင်း NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။)
#MyanmarNationalPost
No comments:
Post a Comment