မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားနပ်ရိက္ခာစားသုံးဆီများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားနပ်ရိက္ခာစားသုံးဆီများ ထောက်ပံ့ပေးအပ်



MNP ၊  စက်တင်ဘာ  ၁၄

မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားနပ်ရိက္ခာ စာသုံးဆီထောက်ပံ့ပေးအပ်ပွဲကို  ယမန်နေ့ညနေ(၄) နာရီအချိန်က မြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား စားနပ်ရိက္ခာ အထောက်အကူဖြစ်စေရန်အတွက်  ဝန်ထမ်းများအား ယခင်အပတ်ကဆန်(၆)ပြီနှုန်း စုစုပေါင်းကာလတန်ဖိုး(၂၀၀၀၀၀ဝိ/-)ကျပ် ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်နေချိန်ဖြစ်၍ ဝန်ထမ်းများစားဝတ်နေရေးအဆင်ပြေစေရန် တတ်နိုင်သမျှ ထပ်မံထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စည်းစည်းလုံးလုံးရှိပြီး  လုပ်ငန်းများဆောင်ရွက်ကြရာတွင် လုပ်ငန်းပြီးမြောက်ရုံသာမက ရလဒ်ကောင်းများ ရရှိသည်အထိဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူကိုဗဟိုပြု၍ ကောင်းမွန်သောအုပ်ချုပ်ရေး ယန္တရားတည်ဆောက်ရေးဟူသော မျှော်မှန်းချက်ကိုထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စံတန်ဖိုး(၆)ရပ်နှင့်အညီ အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားကြောင်း သိရသည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များက ဝန်ထမ်းတစ်ဦးချင်းစီအား စားသုံးဆီ(၁)ပိဿာနှုန်း ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါနေ့က ဝန်ထမ်း (၈၆)ဦးအတွက် စားသုံးဆီ(၈၆)ပိဿာ စုစုပေါင်းကာလတန်ဖိုး (၄၈၁၆၀၀)ကျပ် ထပ်မံထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment