MNP ၊ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကံဆွယ်အုပ်စု၊ မြသုခကျေးရွာ၌ ၂၀၂၃-၂၀၂၄ ခုနှစ် ခြောက်လဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရခွင့်ပြု ရန်ပုံငွေကျပ် (၁၅.၆၇၀) သန်းဖြင့် ဒေသခံ ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် ရေတွင်းတူးဖော်ပေးရာတွင် ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ရရှိရေးနှင့် အခက်အခဲမဖြစ်ပေါ်စေရေးတို့အတွက် ကံဆွယ်အုပ်စု၊ မြသုခကျေးရွာတွင် အကျယ် ၄ လက်မ၊ အနက် ၄၀၀ ရှိ ကျောက်လွှာ ဖောက်စက်ဖြင့် ရေတွင်းတူးပေးခြင်းလုပ်ငန်းကို ပြည်ထောင်စု အစိုးရခွင့်ပြုရန်ပုံငွေ ကျပ် (၁၅.၆၇၀)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကျေးလက်ရေပေးလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကံဆွယ်အုပ်စု၊ မြသုခကျေးရွာအတွင်းရှိ အိမ်ခြေပေါင်း (၈၅) အိမ်၊ လူဦးရေ (၂၆၆) ဦးနှင့် ကံဆွယ်ကျေးရွာအုပ်စုအနီးရှိ ကျေးရွာချင်းဆက် ပြည်သူများအတွက်လည်း ရေရရှိနိုင်သည့်အပြင် ကျွဲ၊နွား၊တိရစ္ဆာန်တို့အတွက်လည်း ရာသီမရွေး သောက်သုံးရေများ ဖူလုံစွာ ရရှိနိုင်မှာဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment