MNP ၊ စက်တင်ဘာ ၆
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် ရက်စွဲဖြင့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ သတင်းလွှာ ( ၁၅ / ၂၀၂၃ ) ထုတ်ပြန်ထားသည်။
စစ်တွေကုန်သွယ်ရေးစခန်းမှသာတင်ပို့ခွင့်ပြုမည့် ကုန်ပစ္စည်းများသတ်မှတ်ထုတ်ပြန်ထားရာတွင် ကုန်သွယ်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုတွင် အောက်ပါ လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းတို့ကို စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန် သတ်မှတ်လိုက်သည်။
လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံ၊ ကြက်သွန်နီနှင့် ရေထွက်ပစ္စည်းများတွင် ရေချို၊ ရေငန်ငါးမျိုးစုံ ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့မှစတင်၍ စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ခွင့်ပြုမည့် ကုန်ပစ္စည်းများအဖြစ် ကုန်သွယ်ရေးဦးစီးဌာန က ကြေညာထားခြင်း ဖြစ်သည်။
#MyanmarNationalPost
No comments:
Post a Comment