ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုမှ ငါးလအတွင်း ဒေါ်လာ (၄) ဘီလီယံကျော် ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုမှ ငါးလအတွင်း ဒေါ်လာ (၄) ဘီလီယံကျော် ရရှိ



MNP ၊ စက်တင်ဘာ ၁၂

မြန်မာနိုင်ငံမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီ (၁) ရက်မှ စက်တင်ဘာ (၁) ရက်အထိ ငါးလတာကာလအတွင်း စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄.ဝ၈) ဘီလီယံကျော် ရရှိခဲ့ကြောင်း စက်တင်ဘာ (၈) ရက်က စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ 

အဆိုပါပမာဏမှာ အမေရိကန်ဒေါ်လာ (၅.ဝ၅) ဘီလီယံကျော် ဝင်ငွေ ရရှိခဲ့သော ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် အလား တူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၉၆၂) သန်းကျော် လျော့နည်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်  ကိန်းဂဏန်းများအရ သိရသည်။

နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများအနက် စက်မှုကုန်ချော ထုတ်ကုန်များကို ပြည်ပသို့ အများဆုံး တင်ပို့နိုင်ခဲ့ပြီး လယ်ယာထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းများထက် ပိုမို တင်ပို့နိုင်ခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်နှင့် ရေထွက်ကုန်များ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို  တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ အပါအဝင် ပြည်ပကုန်သွယ်မှု မိတ်ဖက်နိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိသည်။

၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် စက်တင်ဘာ (၁) ရက်အထိ မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန် ဒေါ်လာ (၆.၄၈) ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment