အုတ်ဖိုမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရော ဂါကာကွယ်ဆေးထိုးနှံပေးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရော ဂါကာကွယ်ဆေးထိုးနှံပေးသွားမည်




MNP ၊  စက်တင်ဘာ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံမှုအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ ရှင်းလင်ဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာသည့် အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများက ကာကွယ်ဆေးထိုးမည့်အစီအစဉ်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ ဆရာဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။


ကာကွယ်ဆေးထိုးနှံရာတွင် အထက်တန်း၊ အလယ်တန်းကျောင်းများတွင် စုရပ်ပြုလုပ်ကာ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် (၁.၉.၂၀၁၁) မှ (၃၁.၈.၂၀၁၄) အတွင်း မွေးဖွားသည့် ကျောင်းသူများကိုသာ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပွားစေတက်သော HPV ပိုးကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


အောင်သူ 

https://t.me/MyanmarNationalPost




No comments:

Post a Comment