MNP ၊ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၈)ရပ်ကွက်တွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့များပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
မြင်းခြံမြို့ အမှတ် (၈) ရပ်ကွက်တွင် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် (၁) နာရီအချိန်တွင် ဘုရားစင်တွင် မီးပူဇော်ရန် သွယ်တန်းထားသော (၂) ပင်လိမ် ဝါယာကြိုးမှ အပူလွန်ကဲပြီး အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများ (၃) စု လူဦးရေ (၁၂) ဦးတို့အတွက် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ထောက်ပံ့ပေးအပ်သော အိမ်ပြန်လည်တည်ဆောက်ရန်အတွက်အတွက် ထောက်ပံ့ငွေကျပ် (၂) သိန်း၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၅၂၀၀) နှင့် အိမ်ထောင်စုတစ်စုစာအတွက် ငွေကျပ် (၆၅၇၆၂)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးတို့မှ ပေးအပ်ခဲ့သည်။
ကျော်စွာ
https://t.me/MyanmarNationalPost
No comments:
Post a Comment