နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးနှင့် မော်လမြိုင်မြို့ သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးနှင့် မော်လမြိုင်မြို့ သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို


နေပြည်တော် စက်တင်ဘာ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကျိုက်မရောမြို့ ဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် သဒ္ဓမ္မဇောတိက ဓအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝါရိန္ဒအရှင်သူမြတ်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားရာ ဆရာတော်ကြီးက သြဝါဒကထာမြွက်ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် ကျိုက်မရော ဆုတောင်းပြည့်ဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်၍ ဘုရားကြီးအားရွှေဆိုင်းတော်များ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ကျိုက်မရော ဆုတောင်းပြည့်ဘုရားကြီး ပရိဝုဏ်အတွင်း သမိုင်းဝင်ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီပုထိုးများ၊ ရှေးဟောင်းကျောက်စာများ၊ သမိုင်းဝင်ရှေးဟောင်း သာသနိကအဆောက် အဦများနှင့် ရှေးဟောင်းနံရံဆေးရေးပန်းချီများကို လှည့်လည်ကြည့်ရှုလေ့လာသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မော်လမြိုင်မြို့ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသည့် သမိုင်းဝင်ကျိုက်သလ္လံ စေတီတော်မြတ်ကြီးသို့ရောက်ရှိပြီး စေတီတော် မြတ်ကြီးအားဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ပဋ္ဌာန်းဓမ္မာရုံ၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် မဟာသုခိတာရုံစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ ဆရာတော်မဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တကောလိယထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကျိုက်သလ္လံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များ၊ မြေထိန်းနံရံတံတိုင်းပေါ်ရှိ မြန်မာမှုစိန်တောင်များ၊ ဘုရားတန်ဆောင်းများ၊ ရှေးဟောင်းသာသနိကအဆောက်အဦများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။        


#MyanmarNationalPost

No comments:

Post a Comment