ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် စစ်တွေတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် စစ်တွေတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ




MNP ၊  စက်တင်ဘာ  ၁၂

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် စစ်တွေတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်၊ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်နှင့် စစ်တွေမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံသည်။


ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး ဥပဒေပညာဌာန၊ ရုက္ခဗေဒဌာန၊ သင်္ချာဌာနနှင့် အင်္ဂလိပ်စာဌာနတို့ရှိ စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုကာ ဘာသာရပ်ဌာနများတွင် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ သည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် တက္ကသိုလ်အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယ ဝန်ကြီးက ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ၏စွမ်းရည်ကို ဖော်ထုတ်ပြသသည့် လူငယ်သီတင်းပတ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ စဉ်းစားတွေးခေါ်မှုကို အားပေးသော သင်ကြားသင်ယူမှု နည်းစနစ်များကို အသုံးပြုကာ အသိပညာအတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်များပေါများရေးကို ဦးတည် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများနှင့် ဝေးလံဒေသများမှ တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေး၊ အတန်းပညာတတ်မြောက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ခွဲဝေချထားပေးသော စာကြည့် တိုက် ရန်ပုံငွေများကို မူရင်းပုံနှိပ် စာအုပ်များကိုသာ ဝယ်ယူဖြည့်တင်းရမည်ဖြစ်ကြောင်း၊ ဌာနရှိဆရာ၊ ဆရာမများနှင့် မိသားစုသဖွယ် နွေးနွေးထွေးထွေးဆက်ဆံ နေထိုင်ကြရန် လိုကြောင်းပြောကြားသည်။


နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်း ကျောင်းခွဲ(စက်ရုံစု)ကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှုကာ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)