နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း လွိုင်ကော်မြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း လွိုင်ကော်မြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး



MNP ၊ စက်တင်ဘာ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လွိုင်ကော်မြို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံသို့ရောက်ရှိပြီး အဆင့်မြင့်တိုးချဲ့ ဆောင်ရွက်နေသော တစ်နေ့လျှင်ရေဂါလန် ၂၅ သိန်း စစ်နိုင်သည့် (Slow Sand Fitter) အနှေးသဲရေ စစ်ကန်တည်ဆောက်နေမှုလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးချုပ်က အနှေးသဲရေစစ်ကန် တည်ဆောက်ရခြင်းနှင့် လုပ်ငန်းများပြီးစီးပါက ပြည်သူများအကျိုးပြုနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထိုမှတစ်ဆင့် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ပန်းနံ့သာလမ်း ကျောက်စီရေမြောင်း တည်ဆောက်ခြင်းနှင့် မိုင်းလုံးရွာဟောင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်အမှာစကားပြော ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုကို ဖြည့်စွက်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ တိုင်းရင်းသား ရေးရာဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၁၂ ဖွဲ့အတွက် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ပြည်နယ်အတွင်း တိုင်းရင်းသားပွဲတော်များ ကာလအလိုက်ကျင်းသွားမည့် အစီအစဉ်များ၊ ရပ်ရွာအတွင်း လမ်းတံတားလိုအပ်ချက်များနှင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။  


#MyanmarNationalPost

No comments:

Post a Comment