တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အဖွဲ့ဝင်များ ကော့သောင်းမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အဖွဲ့ဝင်များ ကော့သောင်းမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်







MNP ၊  စက်တင်ဘာ  ၁၂

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ (၁၀)မိုင်ကျေးရွာရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။


ထိုသို့အမှာစကားပြောရာတွင် နောက်လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများရရှိရေးအတွက် သက်ဆိုင်ရာမြို့နယ်၊ခရိုင်များသို့ အသိပေးနှိုးဆော်သွားမည် ဖြစ်ကြောင်း၊ မကြာမီတွင် ခရီးသွားရာသီရောက်ရှိလာမည် ဖြစ်သည့်အတွက် ခရီးသွားပြည်သူ များအတွက် ဟိုတယ်လုပ်ငန်းများက အရေးကြီးကြောင်း၊ ဟိုတယ်လုပ်ငန်းများ၌ အစိုးရနည်း ပညာသင်တန်းကျောင်းမှ သက်တန်းဆင်းကျောင်းသား၊ကျောင်းသူများအား အလုပ်အကိုင် အခွင့်အလမ်းရရှိရန် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း​ ကော့သောင်းခရိုင်အတွင်း ကျွန်းများပေါ်ရှိ ဟိုတယ်များတွင်လုပ်ကိုင်ဆောင်ရွက်နေသော ဝန်ထမ်းများအားချိတ်ဆက်ပြီး ဤကျောင်းသို့တက်ရောက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ နည်းပညာကျောင်းဆင်းများအနေဖြင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ တတ်မြောက်ကျွမ်းကျင်ပြီးဖြစ်သည့်အတွက် ဟိုတယ်လုပ်ငန်းများတွင် ပြုပြင်ခြင်းပိုင်း၊ လျှပ်စစ်မီးလုပ်ငန်းပိုင်း ရေရရှိရေးလုပ်ငန်းပိုင်းနှင့်အခြားလုပ်ငန်းပိုင်းများကို အင်ဂျင်နီယာ ပိုင်းဖြင့်ပြင်ဆင်ရန်များ ရှိလာပါက ဆောင်ရွက်နိုင်ခြင်းကြောင့်နည်းပညာ ကျောင်းဆင်းများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်​ကြောင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရန်လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြပြီး ဆရာ၊ ဆရာမများ၊ဝန်ထမ်းများနှင့်ကျောင်သား၊ ကျောင်းသူ များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)