MNP ၊ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၂-၂ ၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းကြည်က အဖွင့်အမှာစကားပြောကြားပြီးနောက် ချမ်းမြသာစည်မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အကြောင်းအရာများ၊ ငွေစုငွေချေးဆိုင်ရာစည်းမျဉ်း စည်းကမ်းများနှင့် ညွှန်ကြားချက်များကို အသင်းသားများအား ချေးငွေများ ထုတ်ပေးရာတွင် ညွှန်ကြား ချက်များနှင့်အညီ ထုတ်ချေးပေးသွားမည့်အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တာ၀န်ရှိသူများက စိုက်ပျိုးရေးဦးစီးဌာနမှ ငွေစုငွေချေး အသင်းသား (၃၄၄) ဦးအား တစ်ဦးလျှင် ၂၀၀၀ဝိ/နှုန်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး အသင်းသားများ၏ သား/သမီးများ အနက် တက္ကသိုလ်၀င်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးနှင့် ၀န်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာန တာ၀န်ရှိသူများ၊ ငွေစုငွေချေးအသင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း
https://t.me/MyanmarNationalPost


No comments:
Post a Comment