တာလေမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလေမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP ၊  စက်တင်ဘာ  ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဒေသဖွံ့ဖြိုးရေးလစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက် ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က မိမိရပ်ရွာလုံခြုံရေး အထူးဂရုပြုဆောင်ရွက်သွားနိုင်ရေး၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်နိုင်ရေး၊ အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများကလည်း မိမိရပ်ရွာအတွင်း အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ ဒေသတွင်းကူးစက်ပျံ့နှံမှုမရှိစေရေး အဆင့်ဆင့် အသိပညာပေးဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာများအနေဖြင့် ဝန်ထမ်းအင်အားစာရင်းများ လစဉ်ပုံမှန်တင်ပြသွားနိုင်ရေး၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှ လစဉ်ပေးပို့ တင်ပြရမည့်စာရင်းများအား အချိန်မီပေးပို့နိုင်ရေး၊ တာချီလိတ်မြို့တွင် ကျင်းပမည့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲသို့ မိမိရပ်ရွာမှ ဘောလုံး အားကစားဝါသနာရှင်များ ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ရေးနှင့် လမ်းနှင့်မလွတ်ကင်းသည့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းနိုင်ရေး စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိရုံးဌာန၊ မိမိရပ်ရွာအတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြဆွေးနွေးကြရာ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment