ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် လူငယ်သတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် လူငယ်သတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနား ကျင်းပ





MNP ၊  စက်တင်ဘာ  ၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူငယ်လူရွယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး၊ လူငယ်ကဏ္ဍမြှင့်တင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ လူငယ်သတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူလေးများက Fitness dance၊ ဝူရှူးသရုပ်ပြခြင်း၊ ကာယကြံခိုင်ရေးအလှပြခြင်းများဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။


ယင်းနောက်သင်တန်းသား၊ သင်တန်းသူလေးများက စာရိတ္တနှင့်ပြည်သူ့နီတိဆိုင်ရာကျင့်ဝတ် တန်ဖိုးများကို သရုပ်ပြတင်ဆက်ပြသခဲ့ပြီးနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ကြီးက လူငယ်သတင်းပတ်လှုပ်ရှားမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ဉာဏစွမ်းရည်ဆိုင်ရာဘာသာရပ်ကို အခြေခံသည့် Action Research ကိုသင်တန်းသား၊ သင်တန်းသူလေးများက Presentation တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကင်းပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူလေးများအား ဂုဏ်ပြုငွေ ကျပ်သိန်း (၂၀) အား ချီးမြှင့်ခဲ့သည်။


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများက လူငယ်သတင်းပတ် လှုပ်ရှားမှုများအား ခင်းကျင်းပြသထားသည်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


လှလှထွေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)