ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကြက်ခြေနီလူမှုကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကြက်ခြေနီလူမှုကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်ပွဲတက်ရောက်





MNP ၊  စက်တင်ဘာ  ၆

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေဟိုတယ်ခန်းမ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီ အသင်းတို့ ပူးပေါင်းပြုလုပ်သည့် ကြက်ခြေနီလူမှု ကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။


သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း  သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များနှင့် အခြားသောအရေးပေါ် အခြေအနေများတွင် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ ကျန်းမာရေးမြှင့်တင်ခြင်း၊ ရောဂါဘေးတားဆီးခြင်းနှင့် ဘေးဒုက္ခကျရောက်သူများကို ကူညီခြင်းစသည့် လုပ်ငန်းစဉ်များမှာ အချိန်နှင့် တပြေးညီ ကူညီဆောင်ရွက်လျက်ရှိနေသည်ကို တွေ့မြင်ရပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေ ဖြင့် ရပ်ရွာလူထုအတွင်း လူမှုဂရုဏာလုပ်ငန်းများဆောင်ရွက်သည့်အခါတွင် ကြက်ခြေနီအခြေခံမူများဖြစ်သည့် လူသားချင်းစာနာထောက် ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့်ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းစသော အခြေခံမူ(၇)ချက်ကို လက်ကိုင်ထား ပြီး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ချိန်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲများ၏ ကြက်ခြေနီစေတနာလုပ်အား ရှင်များက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ကြိုတင်အသိပေးခြင်း၊ ကြိုတင်ရွေ့ပြောင်းနေရာချထားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများမှာလည်း အကျိုးခံစားခွင့်ရှိသူများအတွက် လိုအပ်သည့်အဝတ်အထည်၊  အမိုးအကာ၊ မိသားစုသုံးပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီများ အပြင် သောက်သုံးရေဖြန့်ဝေရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းကူညီဆောင် ရွက်ပေးခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်မှတ်တမ်းတင်အပ်ပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် လူမှုကရုဏာလုပ်ငန်းများကို အစဉ်တစ်စိုက် ဆောင်ရွက်လာသည့် သက်တမ်းအကြာရှည်ဆုံး ခိုင်မာသော လူမှုအဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြို့နယ်ဒေသအသီးသီးတွင် ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်နေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေကြသော လူမှုကရုဏာဆိုင်ရာလုပ်ငန်းများကို အများပြည်သူများသိရှိနိုင်ရန်အတွက် ပြန်ကြားပေးနိုင်ရန်အသင်းဌာနချုပ်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်နှင့် တိုင်းဒေသကြီးတို့အကြား အချင်းချင်းချိတ်ဆက်ကာ ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများပီပြင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တနည်းအားဖြင့် ပြောင်းလဲလာသော ခေတ်ကာလနှင့်လျော်ညီစွာ အသင်း၏ပြန်ကြားဆက်သွယ်ရေးကဏ္ဍကို တိုးတက်လာသည့်နည်းပညာ အကူအညီဖြင့် နည်းလမ်းမှန်မှန်ချိတ်ဆက် ဆောင်ရွက်တတ်စေရန် ကြက်ခြေနီစေတနာ လုပ်အားရှင်များကို အရည်အသွေးမြှင့်တင်ခြင်း တစ်ရပ်အဖြစ်စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချဆွေးနွေးပေးမည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ပြန်ကြား ဆက်သွယ်ရေးမူဝါဒနှင့် လူမှုကွန်ယက်ဆက်သွယ်ရေး လမ်းညွှန်ချက်များ၊ သတင်းရေးသားနည်းများ၊ အရေးပေါ်အခြေအနေမှာ သတင်းမီဒီယာနှင့်ပြန်ကြားဆက်သွယ်ရေးများ၊   လူမှုကွန်ယက်  ပလက်ဖောင်း  မှန်ကန်စွာအသုံးပြုရေးနှင့် သတင်းပေးပို့ တုန့်ပြန်ခြင်းများစသည့် သင်ခန်းစာများကို အလေးထား မှတ်ယူကြရန် ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာ တင်မောင်လှိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးကြသည်။


အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ ကြက်ခြေနီစေတနာလုပ် အားရှင်(၂၅) ဦးကို မြန်မာနိုင်ငံကြက်ခြေနီ အသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် နည်းပြများက စာတွေ့၊ လက်တွေ့သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)