ကျုံပျော်တွင် ပြည်သူများအတွက် ဧည့်မထဆန် တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်း သက်သာစွာရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်တွင် ပြည်သူများအတွက် ဧည့်မထဆန် တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်း သက်သာစွာရောင်းချပေး


MNP ၊  စက်တင်ဘာ  ၆

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက်  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဆန်စပါးကုန်သည်အသင်း လုပ်ငန်းရှင်းများက ဧည့်မထဆန် တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ  ရောင်းချပေးခြင်းကို ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ မြို့မဈေးအနီး၌ စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီခွဲ အချိန်က စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် မြို့နယ်ဆန်စပါး ကုန်သည်အသင်း တာဝန်ရှိသူများ လာရောက်ခဲ့ကြပြီး၊ ဝယ်ယူရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။


မြို့နယ် ဆန်စပါးကုန်သည်အသင်းမှ တာဝန်ရှိသူက မိမိတို့အနေဖြင့် အများပြည်သူ စားသုံးမှုအဆင်ပြေစေရေးအတွက် လုပ်ငန်းရှင်များစုပေါင်းကာ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ ဆန်အရည်အသွေးကောင်းများကိုသာ ရောင်ချပေးကြောင်း၊ တစ်ရက်ခြား ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။


ယနေ့တွင်  ဧည့်မထဆန် (၂၂)အိတ်အားတစ်ဦးလျှင် တစ်ပြည်နှုန်းဖြင့် စုစုပေါင်းပြည်သူ(၅၂၈)ဦးအား ရောင်းချပေးခဲ့ကြောင်း၊ အလားတူမြန်မာနိုင်ငံ ဆီကုန်သည်များအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်များ အသင်းတို့ ပူးပေါင်းကာ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စားသုံးဆီများကို တစ်ဦးလျှင် တစ်ပိဿာ (၄၅၀၀) ကျပ်နှုန်းဖြင့် ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူများထံသို့  ရောင်းချခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


လပြည့်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)