(၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်မှာ အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ "အခွင့်အရေးနှင့် တာဝန်ဝတ္တရား" မူနှင့် သွေဖည်နေသဖြင့် မြန်မာနိုင်ငံက ကန့်ကွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်မှာ အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ "အခွင့်အရေးနှင့် တာဝန်ဝတ္တရား" မူနှင့် သွေဖည်နေသဖြင့် မြန်မာနိုင်ငံက ကန့်ကွက်



MNP ၊ စက်တင်ဘာ ၆

(၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အား ထုတ်ပြန်ခဲ့ခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ မှတ်သားရသည်။

အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ "အခွင့်အရေးနှင့် တာဝန်ဝတ္တရား" မူနှင့် သွေဖည်လျက် မြန်မာနိုင်ငံ၏ အခွင့်အရေးဖြစ်သည့် တန်းတူရည်တူကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက်ခြင်း မပြုခဲ့ကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ ဖော်ပြပါထုတ်ပြန်ချက် (မူကြမ်း) အား မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ အမြင်နှင့် ရပ်တည်ချက်တို့ကို ထည့်သွင်းမဖော်ပြဘဲ လျစ်လျူရှုခဲ့ကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အပြုသဘော မဆောင်သည့် သုံးသပ်ချက်များနှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှု မရှိသော ဆုံးဖြတ်ချက်များ ပါရှိသည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန် ပြောဆိုခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာလျက် အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ထပ်လောင်းအသိပေးအပ်ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ က တုန့်ပြန်ပြောဆိုထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)