ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်



MNP ၊  စက်တင်ဘာ  ၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးရည်ရွယ်ကာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။


ဟောပြောပွဲတွင် ရန်ကုန်လျှပ်စစ်ဓာတ်အား‌ပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ၃ ဦးမင်းစိန်က အဂတိလိုက်စားမှု၏အဓိပ္ပါယ်၊ အဂတိတရားလေးပါး၊ အဂတိလိုက်စားမှု ဖြစ်‌ပေါ်စေသောအကြောင်းအရာများ ရှောင်းရှားရမည့်လမ်းစဉ်များစသဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောကြောင်း သိရသည်။


အဆိုပါဟောပြောပွဲသို့ ရန်ုကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင်များ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ထောက်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်သူများ စုစုပေါင်း ၁၃၅  ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။


သန်းသန်းအေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)