ညောင်ဦးခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှပြင်သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှပြင်သင်တန်းဖွင့်လှစ်




MNP ၊  စက်တင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှပြင်သင်တန်းကို ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့နံနက်  ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပန်းအလှပြင်သင်တန်းတွင် ညောင်ဦးခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်ဇာဇာဝင့်တို့မှ ပန်းအလှပြင်သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ပြီးနောက် ပန်းအလှပြင်သင်တန်း တက်ရောက်ကြသူများအား ဖော့တုံးနှင့်ပန်းများအား ပေးအပ်ကာ လေးယောက်တစ်ဖွဲ့ဖြင့် လက်တွေ့ပန်းအလှပြင်ခြင်းနှင့် ဖော့တုံးတွင်ပန်းထိုးနည်းထိုးပုံ စံယူပန်းထိုးရမည့် ပန်းခက်များ လှီးဖြတ်ပန်းထိုးပုံနှင့် အခမ်းအနားတွင် နေရာအကျယ်အဝန်းအလိုက် ပန်းအလှပြင်ဖန်းတီးမှုများ ဉာဏ်ကွန့်မြူးသလောက် ပန်းအလှပြင်မှုဖန်းတီနိုင်မှုတို့အား ပြုလုပ်ဖန်တီးနိုင်ကြကြောင်းသိရသည်။ အဆိုပါ ပန်းအလှပြင်သင်တန်းအား ညောင်ဦးခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)