ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ခရစ်ယာန်အသင်းတော်(ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ခရစ်ယာန်အသင်းတော်(ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံ


MNP ၊  စက်တင်ဘာ  ၁၅

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း)များသို့ သွားရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သတ္တမနေ့ဥပုသ်အသင်းတော်၊ ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ကရင်နှစ်ခြင်းအသင်းတော်၊ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) ဘားအံသာသနာပိုင်နယ် ရှင်ပေတရုကသီဒြယ် ဘုရားရှိခိုးကျောင်းများသို့ သွားရောက်ပြီး ဂုဏ်တော် (ကျေးဇူးတော်)ကို ချီးမွမ်းသောအားဖြင့် သာသနာပိုင်၊ သင်းအုပ်ဆရာတော်၊ လက်ထောက်သင်းအုပ်ဆရာ၊ ဘားအံခရစ်ယာန်အသင်းတော် ကောင်စီဝင်များ၊ သင်းထောက်၊ အသင်းလူကြီး၊  အမျိုးသမီးခေါင်းဆောင်များအား သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း)များအလိုက် သီးခြားစီဂါရဝပြု တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ငြိမ်းချမ်းတည်ငြိမ် သာယာဝပြောခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း၊ ငြိမ်းချမ်းရေးသည်အရေးကြီးပြီး ငြိမ်းချမ်းမှုရှိမှသာ ဘာသာသာသနာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး အစရှိသည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ချက်များအပေါ် လိုအပ်ချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးနိုင်ပါကြောင်း၊ အဓိကအားဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်၍ ငြိမ်းချမ်းရေးဆုတောင်းမေတ္တာများပို့သပေးကြစေလိုကြောင်း ဂါရဝပြု ဆုတောင်စကားပြောကြားပြီး ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း)များ၏ သင်းအုပ်ဆရာတော်များအား ဂါရဝလက်ဆောင်နှင့် ဆန်၊ ဆီ အစရှိသော စားသောက်ကုန်ပစ္စည်း များအားပေးအပ်ရာ သင်းအုပ်ဆရာတော်များနှင့် တာဝန်ရှိသူများက ငြိမ်းချမ်းရေးဆုမွန်ကောင်း စကားများပြောကြား၍ ဆုတောင်းမေတ္တာများပို့သပေးခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)